..::အမြင့်ဆုံး လူ့ ဂုဏ်ရည်သိက္ခာ လမ်းညွှန် ယဉ်ကျေးမှု စာစဉ် ::..

06 June, 2009

စာရင်းထဲ အသေကို ထည့်သွင်းထားရမယ်

ဒါကလေးကို သတ်သတ်မှတ်မှတ်ကတော့ ဟေ့ … စည်းကလေး တားခဲ့ကြ။ ဘယ်လို တားခဲ့ကြရမလဲ ဆိုရင် တို့ ဟာ သိသိထင်ထင် မြင်ပြီး တကယ့်ကို လက်ညှိုးထောင်ပြီး တော့ ဒါဟာ ငါကိုယ်တိုင် သိတဲ့ အမှန်တရားလို့  ပြောနေတဲ့ သူရဲ့  အဆိုအဆုံးမကို တို့ နာကြားနေတာ၊ အဲဒီသူကိုလဲပဲ တို့ ပြုစု ယုယပြီး သကာလ တို့ ကိုးကွယ် ဆည်းကပ်နေ တာ၊ ဒီတော့ အဲဒီပုဂ္ဂိုလ်က ငါတို့ ကို ဆုံးမတယ်၊ ဘယ်လိုဆုံးမသလဲဆိုရင်

တို့ မသိတာကို သိလေယောင် မလုပ်ရဘူးတဲ့လို့  ဒါတရားပါတယ်။ မသိတာ သိလေယောင်လုပ်ရင်တော့ လူဝါ လူညာပဲ။ မသိမှ မသိတာ ဆိုရင်တော့ဖြင့် မသိဘူးလို့ ဆိုတဲ့ စာရင်းထဲကို ထည့်လိုက်။ အဲဒီ မသိဘူးဆိုတဲ့ စာရင်းကို ထည့်ပြီးရင် သုံးမနေတာ့နဲ၊ သိမှမသိတဲ့ဟာ ကြီး။ မသုံးနဲ့ ၊ မသိဘူး။ စာရင်းထဲ ထည့်ပြီးသားကြီး ဆိုရင် မသုံးနဲ့ ။ တို့ နောက်ဘ၀ သိသလား၊ မသိဘူး။ အေး….. ဒါ မသိဘူးစာရင်းထဲ အသေကိုသွင်းထားရမယ်။ နည်းနည်းကလေးမှ ခေါင်းပြူမလာစေနဲ့ ။ သိသလိုမျိုး ဟန်ဆောင်ပန်ဆောင် ခေါင်းပြူ မလာစေနဲ့ ။ အဲဒီ နောက်ဘ၀ဆိုတာဟာ မသိဘူးစာရင်းထဲမှာ အသေသွင်းထားရမယ်။

မသိသာ ရိုက်တာကတော့ တော်တော့်ကိုနာတယ်
အဲဒီ မသိဘူးစာရင်းထဲ အသေသွင်းပြီးသွားလို့  ရှိရင်လဲပဲ အဲဒါကတော့ဖြင့် မသိစာရင်းထဲ ကဟာကြီး ဖြစ်တဲ့အတွက် သွားများမသုံးလိုက်လေနဲ့ ။ မသိတာ သွားသုံးမိလို့ ရှိရင် အဲဒါ ကြီးက လူကို ရိုက်မယ်ဗျာ။ မသိတာ ရိုက်တာကတော့ တော်တော့်ကိုနာတယ်။ မသိတာ ရိုက်လို့ နာတာ သိချင်လို့ ရှိရင် အမှောင်ထဲ သွားကြည့်ပါ။ အမှောင်ထဲ သွားရင် မသိတာက ရိုက်လိုက်မှာပါဗျာ။ ဒါမှမဟုတ်ရင် ရေထဲမှာ တစ်ခါတည်းသွားကြည့်ပါ။ ချောက်ရှိသလား မသိ၊ ခလုတ်ရှိသလား မသိ၊ ဆူးရှိသလား မသိ ဆိုတဲ့ ကိုယ်မကျွမ်းကျင် တဲ့ ရေထဲသွားကြည့်ပါ။ မသိဘဲနဲ့  သွားတာဆိုတော့ ဟော ငုတ်ကြီးတို့ ၊ တံစူးကြီးတို့ လဲပဲ ၀င်တိုးမိချင် တိုးမိမှာဗျာ။ တစ်ခါတည်း အောက်က ချောက်ကြီးလဲပဲ ကျချင်ကျမှာဗျာ။ မသိ တဲ့နေရာဟာ အင်မတန်ဆိုးတာ။ အတိုင်းအဆမရှိ ဆိုးတာ။ ဒါ့ကြောင့်မို့ လို့  မသိတာ ရိုက်တာက သိပ်နာတယ်။ မသိတာ ကိုက်တာက သိပ်နာတယ်လို့  ဒီလိုပြောချင်တယ်။ ဒါ့ကြောင့် မသိတာရိုက်တာက သိပ်နာတာဖြစ်တဲ့အတွက် အဲဒီ မသိစာရင်းထဲ သွင်းထားပြီးတဲ့ အရာကတော့ဖြင့် ခေါင်းကို ထောင်မလာစေနဲ့ ၊ တစ်စက်မှ အသုံးမချနဲ့ ။
တရားကို နားပါးတလည်ရှိနိုင်ဖို့ 
တို့ မသိတာဟာတော့ဖြင့် တို့ မသိစာရင်းထဲကို သူကနေပြီးတော့ လူရည်လည် မလုပ်စေရ ဘူးလို့  ဒီိလိုလေးပြောတယ် မှတ်ပါ။ တကယ်တော့ ကျုပ်တို့ က အဲလိုလေး စည်းတား ထားပြီးမှကိုပဲ ဒီစည်းကလေးကတော့ မကျော်ကြနဲ့ ဟေ့လို့  အသေပြောရမယ်။ ဘာဖြစ်လို့ လဲ၊ တရားတော်ဆိုတဲ့အရာကို တရားတော်မှန်း သိလာဖို့ ရန်အတွက် တရားတော်ဆိုတာကို ပေါ်လာဖို့ ရန်အတွက် တရားကို နားပါးတလည် ရှိနိုင်ဖို့ ရန်အတွက် အဲဒီခြေဆင်းမပါရင်၊ အဲဒီအခင်းအကျင်း မပါရင် ဖြစ်ကိုမဖြစ်ဘူး။

လူဆိုတာ ကောင်းမှုကောင်းရာလေးကို ဆောင်ရွက်ချင်တယ်
တရားရချင်ကြမှာပါ။ ကိုယ်လဲ ဗုဒ္ဓဘာသာဆိုပြီးတော့ ခံယူတယ်။ ဗုဒ္ဓဘာသာရဲ့  အလုပ်အ ကျွေးကိုလဲ ငယ်ငယ်တုန်းကတည်းက ပြုစုလုပ်ကျွေးလာခဲ့တယ်။ ပြီးတော့ ဗုဒ္ဓဘာသာနဲ့  စပ်လျဉ်းလို့ လဲပဲ ကိုယ် ဗုဒ္ဓဘာသာထဲ ရောက်သည်ဖြစ်စေ၊ မရောက်သည်ဖြစ်စေ လူကလေး ဖြစ်လာတဲ့ အလျောက်တိုင်း လူဆိုတာဟာ ကောင်းမှု ကောင်းရာလေးကို ဆောင်ရွက်ချင်တယ်။ ဒါလူ့ ဓလေ့။ မဆောင်ရွက်အားရင်၊ မဆောင်ရွက်နိုင်ရင်၊ မဆောင် ရွက်သာရင် ရှိရမယ်၊ ကောင်းမှု ကောင်းရာလေးကို လူ့ ဓလေ့အရ ဆောင်ရွက်ချင်တယ်။ ဆောင်ရွက်နိုင်တဲ့ အနေအထားလဲရှိတော့ ဆောင်လဲဆောင်ရွက်လာခဲ့တယ်။ အဲဒီလို ကောင်းမှုကောင်းရာလေး ဆောင်ရွက်ပြီး လာခဲ့ပေမယ့် ဘာဖြစ်သေးလဲ။ မသိစာရင်းထဲကို မသိတာကို မသိတဲ့အတိုင်း ထည့်မထားမိဘူးဆိုရင်ဖြစ်ဖြစ် သို့ မဟုတ် မသိတာကို မသိစာရင်းထဲ ထည့်ပေးမယ့် သူကနေပြီးတော့ ခေါင်းထောင်ထလာပြီး လူရည်လည် လုပ်တာကို ခံရတယ်ဆိုရင် ဖြစ်ဖြစ် ဘယ်လောက် ဘာသာတရားရဲ့  အမှုတော်တွေကို ထမ်းထမ်း၊ ဘယ်လောက် ဘာသာတရားတွေကို တစ်ခါတည်း ကျိုးကျိုးနွံနွံ ကိုင်းကိုင်း ရှိုင်းရှိုင်းနဲ့  ဆည်းကပ်ဆည်းကပ် ဘယ်တော့မှ အဲဒီ ဘာသာတရားရဲ့  အကျိုးကျေးဇူးကို မခံစားရဘူး။

လူ့ အခွင့်အရေး ကြေညာစာတမ်း Universal Declaration of Human Rights

အပိုဒ် () - လူတိုင်းသည် မွေးဖွားလာကတည်းက တန်းတူညီမှုရှိသည်။

အပိုဒ် () - မည်သူ့ ကိုမှ ခွဲခြားဖိနှိပ်ခြင်းမရှိစေရ။

အပိုဒ် () - လူတိုင်း အသက်ရှင်ခွင့်၊ လွတ်လပ်ခွင့်နှင့် လုံခြုံခွင့်ရှိသည်။

အပိုဒ် () - မည်သူ့ ကို့မှ ကျွန်အဖြစ်စေခိုင်းခြင်း၊ ရောင်းဝယ်ခြင်းမပြုရ။

အပိုဒ် () - မည်သူ့ ကိုမှ မတရားနှိပ်စက်ခြင်း၊ လူမဆန်စွာ၊ ရက်စက်စွာ ဆက်ဆံခြင်း အပြစ်ပေးခြင်း မပြုရ။

အပိုဒ် () - တရားဥပဒေရှေ့ မှောက်တွင် လူတိုင်းအား လူသားအဖြစ် အသိအမှတ်ပြု ခံပိုင်ခွင့်၊

အပိုဒ် () - တရားဥပဒေရှေ့ တွင် တန်းတူညီခွင့်၊

အပိုဒ် () - မိမိပိုင်အခွင့်အရေး ချိုးဖောက်ခံရပါက ဥပဒေအကူအညီ ရယူခွင့်၊

အပိုဒ် () - မတရားဖမ်းဆီးခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းအား ကာကွယ်မှု ရရှိခွင့်၊

အပိုဒ် (၁၀) - လူအများကြားနာပြီး တရားမျှတသော တရားစီရင်မှုရရှိခွင့်၊

အပိုဒ် (၁၁) - ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိဟူ၍ သတ်မှတ်ခံပိုင်ခွင့်၊

အပိုဒ် (၁၂) - ပုဂ္ဂလိက ကိုယ်ရေးကိုယ်တာများအား ဝင်ရောက်စွက်ဖက်ခြင်းမှ ကာကွယ်ပေးခြင်း၊

အပိုဒ် (၁၃) - လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊

အပိုဒ် (၁၄) - မတရားအပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံများတွင် ခိုလှုံခွင့် တောင်းခံပိုင်ခွင့်၊

အပိုဒ် (၁၅) - နိုင်ငံသား ဖြစ်ခွင့်၊

အပိုဒ် (၁၆) - အရွယ်ရောက်သူတိုင်း မိမိဆန္ဒဖြင့် လက်ထပ်အိမ်ယာထူထောင်ခွင့်၊

အပိုဒ် (၁၇) - ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်၊

အပိုဒ် (၁၈) - လွတ်လပ်စွာ တွေးခေါ် ယုံကြည် ကိုးကွယ်ခွင့်၊

အပိုဒ် (၁၉) - လွတ်လပ်စွာ ထုတ်ဖော်တင်ပြ ပြောဆိုခွင့်၊ သတင်းရယူခွင့်၊

အပိုဒ် (၂၀) - ငြိမ်းချမ်းစွာ ဖွဲ့ စည်းထားသော အဖွဲ့ များအား လွတ်လပ်စွာ ဝင်ရောက်ခွင့်၊ စုဝေးခွင့်၊

အပိုဒ် (၂၁) - အစိုးရတွင် ပါဝင်ခွင့်၊

အပိုဒ် (၂၂) - လူမှုဖူလုံရေး ခံစားခွင့်၊

အပိုဒ် (၂၃) - အလုပ်လုပ်ခွင့်၊ အလုပ်သမား သမဂ္ဂများဝင်ရောက်ခွင့်၊

အပိုဒ် (၂၄) - အပန်းဖြေအနားယူခွင့်၊

အပိုဒ် (၂၅) - လုံလောက်သော လူမှုအဆင့်အတန်း ခံစားခွင့်နှင့် ဆေးကုသခံပိုင်ခွင့်၊

အပိုဒ် (၂၆) - ပညာသင်ကြားပိုင်ခွင့်၊

အပိုဒ် (၂၇) - ယဉ်ကျေးမှုဘဝတွင် ပါဝင်ပိုင်ခွင့်နှင့် မိမိတီထွင်မှုအကျိုးကို မိမိခံစားပိုင်ခွင့်၊

အပိုဒ် (၂၈) - ထိုအခွင့်အရေးများကို လေးစားရန်တာဝန်၊

အပိုဒ် (၂၉) - အခြားသူများ၏ အခွင့်အရေးကို လေးစားလိုက်နာရန်၊

အပိုဒ် (၃၀) - မည်သူမှ ဤအခွင့်အရေးများကို မချိုးဖောက်ရန်တာဝန်၊

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံက ၁၉၄၈ ခုနှစ်တွင် ပြဌာန်းလိုက်သော အပြည်ပြည် ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်းသည် လက်မှတ်ရေးထိုးစရာ လိုအပ်သော သဘောတူစာချုပ် မဟုတ်သော်လည်း မည်သည့်နိုင်ငံမဆို ကုလသမဂ္ဂပဋိညာဉ် စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ ဖြစ်သွားသည်နှင့် တပြိုင်နက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာစာတမ်းပါ အချက်များကို လေးစား လိုက်နာရန် တာဝန်ရှိသွားပြီ ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေး ကြေညာ စာတမ်းကို ကုလသမဂ္ဂ ပဋိညာဉ်မှ လွဲ၍ မည်သည့်စာချုပ်၊ မည်သည့် ဥပဒေကမှ မလွှမ်းမိုးနိုင်။

  ©Template by Dicas Blogger.

TOPO